ကိုသိန်းမြတ် BBC Burmese 1-12-2007 8:15 pm
အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါသည်တွေကို စောင့်ရှောက်
ကူညီပေးနေသူတစ်ဦးကိုလည်း ကျနော် ဆက်သွယ်ထားပါတယ်။ အိတ်ခ်ျအိုင်ဗွီ
အေအိုင်ဒီအက်စ် လူနာတွေကို စောင့်ရှောက် ကူညီပေးနေတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မဖြူဖြူသင်းနဲ့
တခြားအဖွဲ့ဝင်တွေဟာ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါ ဝေဒနာသည်တွေကို
ကူညီ စောင့်ရှောက်ပေးနေ ပေမယ့် သူတို့ရဲ့လူနာတွေထားရှိရာ နေရာတွေထဲက
နေရာတစ်ခုဖြစ်တဲ့ မဂ္ဂင်ကျောင်းကိုလည်း အစိုးရက ပြီးခဲ့တဲ့
ကြာသပတေးနေ့ကတည်းက ပိတ်ပင်လိုက်တယ် ဆိုတော့ လူနာတွေရဲ့
လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုရှိပါသလဲ လို့ မဖြူဖြူသင်းကို ကျနော်
မေးမြန်းခဲ့ပါတယ်။
“လူနာတွေရဲ့အခြေအနေကတော့ စက်တင်ဘာ အကုန်လုံးက
အများကြီးဒုက္ခတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တည်းခိုနေတဲ့
ဘုန်းကြီးကျောင်းတွေ ပိတ်ပစ်တယ်၊ ချိတ်ပိတ်တာတွေ ခံနေရတော့ လူနာတွေရဲ့
လက်ရှိအခြေအနေကတော့ တော်တော်လေး အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။”
မဂ္ဂင်ကျောင်းကိုပိတ်လိုက်တော့ အဲဒီကျောင်းကလူနာတွေ ဘယ်ကို ရောက်သွားလဲခင်ဗျ။
“အဲဒီကျောင်းကလူနာတွေကတော့ အရင်က လူနာတွေ စုထားတဲ့ နေရာမှာပဲ သူတို့ ကြပ်ကြပ်တည်းတည်းနဲ့ စုပေါင်းပြီး နေထိုင်ကြပါတယ်။”
ဆေးဝါးရရှိမှု အခြေအနေရော ဘယ်လိုရှိပါသလဲ။
“လက်ရှိအခြေအနေက ဒီ အေအာဗွီနဲ့ပတ်သက်လို့ သိပ်ပြီးတော့ မရှိဘူး၊ တချို့
အင်န်ဂျီအိုတွေဆိုလည်း လူနာအသစ်တွေ လက်မခံတော့ဘူးပေါ့နော်၊ ဒီမှာ
ဆေးခန်းလာပြဖို့လည်း လူနာအသစ်တွေ ကိုယ်တိုင်ကိုယ်က ရုံးကို
နေ့တိုင်းလိုလိုရောက်လာတာပေါ့။”
နယ်က
ဝေဒနာသည်တချို့ဆို ရန်ကုန်မှာပဲ ဆေးရနိုင်တဲ့အတွက် အိမ်တွေဘာတွေဘာ
ရွှေ့ပြောင်းပြီးတော့ ရန်ကုန်ကို လာနေရတာ အဲသလိုမျိုး ကြားရပါတယ်၊
ဟုတ်သလားခင်ဗျ။
“ဟုတ်ကဲ့ပါ။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက
အင်န်ဂျီအိုတွေမှာ အေအာဗွီဆေးဝါးတွေ၊ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့
ဆေးဝါးတွေ ပေးတယ်၊ ရန်ကုန်တိုင်းမှာ ရှိရင်တောင်မှပဲ သူတို့ သတ်မှတ်တဲ့
ဧရိယာအတွင်းမှာ ပေးတဲ့အခါကျတော့ နယ်ကလူနာတွေဆိုရင် ဆေးရဖို့ အခွင့်အလမ်း
မရှိဘူးလေ။ အဲဒါကြောင့် လူနာတွေအားလုံးကို စုပေါင်းပြီးတော့
အိမ်ငှားထားတာမျိုးတွေ၊ မတတ်နိုင်တဲ့လူနာတွေကို ကျမတို့က
စီစဉ်ထားတဲ့အိမ်တွေမှာ လူနာတွေအကုန်လုံး စုပေါင်းထားပြီး ဆေးရဖို့အတွက်ကို
ကြိုးစားပေးနေပါတယ်။”
ဟုတ်ကဲ့၊မဖြူဖြူသင်းတို့ စောင့်ရှောက်ထားတဲ့လူနာ ဘယ်လောက်အထိ ရှိနေပါသလဲခင်ဗျ။
“ကျမတို့ စပြီးတော့ ၂၀၀၂က စလုပ်တယ်ပေါ့နော်၊ အခုအချိန်ထိဆို လူနာအားလုံး ၁၈၀၀ ကျော်သွားပါပြီ။”
မဖြူဖြူသင်းတို့ လူနာတွေကို စောင့်ရှောက်တဲ့ကိစ္စတွေ၊ ဆေးဝါးရရှိရေးတွေ လုပ်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲခင်ဗျ။
“အခက်အခဲကတော့ အများကြီးပါပဲ၊ အများကြီး ဆိုတာက ကျမတို့ဘက်မှာလည်း အခက်အခဲ
ရှိသလို လူနာတွေမှာလည်း အများကြီး အခက်အခဲ ရှိတယ်ပေါ့။ နယ်ကလူတွေ အတွက်က
ရန်ကုန်ရောက်လာပြီဆိုရင် နေဖို့ထိုင်ဖို့ စားရေးသောက်ရေးကအစ အရမ်း
ခက်ခဲတယ်၊ အဲဒီအတွက် ဒီမှာရှိတဲ့ လူငယ်တွေက အားလုံး ဖြေရှင်းပေးနေရတယ်၊
တော်တော်များများ မတတ်နိုင်တဲ့သူတွေပေါ့နော်။ ဒါပေမယ့် မြန်မာပြည်ရဲ့
အခြေအနေက မတတ်နိုင်တဲ့သူက တော်တော်များတယ်၊ များတော့ အားလုံးကို
ဘုန်းကြီးကျောင်းတွေမှာ စီစဉ်ပေးတယ်၊ တချို့ အိမ်တွေငှားပြီး စီစဉ်ပေးတယ်၊
တတ်နိုင်တဲ့သူတွေကျတော့ သူတို့ စုပေါင်းပြီးအိမ်ငှားတယ်ပေါ့နော်။
နောက်တစ်ချက်ကတော့ ဆေးဝါးရရှိဖို့အတွက်ပေါ့နော်၊ ကျမတို့အနေနဲ့
လူနာတွေနဲ့ပတ်သက်ပြီး တတ်နိုင်သလောက် အကုန်လုပ်ပေးတယ်၊ နောက်ပိုင်းကျတော့
ဆေးတွေရပ်လိုက်တဲ့အခါကျတော့ ဆေးမရဘူး၊ ဆေးကလည်း သောက်ဖို့လိုနေပြီ၊
အသက်အန္တရာယ်ကလည်း နီးနေပြီ ဆိုတဲ့ လူနာတွေကိုတော့ ကျမတို့ ဆေးတိုက်ထားတာ
ရှိပါတယ်။ အရမ်းကို ခက်ခက်ခဲခဲကြားထဲက လုပ်ရတာပါ။”
မဖြူဖြူသင်းတို့ အခုလို ရှောင်တိမ်းနေရတယ်ဆိုတော့ မဖြူဖြူသင်းတို့ရဲ့ လူနာတွေကို ဘယ်သူတွေက ဆက်ပြီးစောင့်ရှောက်ထားပါသလဲခင်ဗျ။
“အင်န်အယ်လ်ဒီက တာဝန်ယူပြီး လုပ်ဆောင်တဲ့အခါကျတော့ ကျနော်က
ရှောင်တိမ်းနေပေမယ့်လည်း ကျန်ခဲ့တဲ့လူငယ်တွေ အများကြီး ရှိပါသေးတယ်။
သူတို့ကနေ ဆက်ပြီးတော့ တာဝန်တွေ ယူပြီးတော့ အားလုံး အရင်အတိုင်းပါပဲ
ပြန်ပြီး ဆက်လက်လုပ်ဆောင်နိုင်နေပါတယ်။”
အေအိုင်ဒီအက်စ်
လူနာတွေကို စောင့်ရှောက် ကူညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူငယ်အဖွဲ့ဝင်မဖြူဖြူသင်း ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ ။
Source: Phyu Phyu Thin Sympathizer
|
|
|||||
Media Guide for Reporting HIV & AIDS
It is 1st media guide for HIV/AIDS reporting in Burmese language. Published in May 30, 2008. Please contact to following address. အိတ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ် သတင်းရေးသား ပေးပို့ခြင်း လမ်းညွှန်၂၀၀၈ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ထုတ်ဝေသည်။ မှာကြားလိုပါက အောက်ပါလိပ်စာ အတိုင်း ဆက်သွယ်ပါ။ Swen Ret Ni Foundation ingarsoe [a] yahoo [dot] com ingarsoe [a] gmail [dot] com +66-85-8685-344 Recent Photos
Search
Download Zawgyi font here. Links
|
Comments
No comments found.
|
||||