၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင်ကျရောက်သော ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်ပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့  သီရိရုပ်ရှင်ရုံတွင် ဒီဇင်ဘာလ ၅ ရက် ၆ နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
ယင်းအခမ်းအနားပွဲကို ကျန်းမာရေးဦးစီးဌာန (လွိုင်ကော်) နှင့် ကယားပြည်နယ် ဂိုဏ်းဂဏပေါင်းစုံ မိတ်သဟာအဖွဲ့ တို့ ပူးပေါင်းစီစဉ်ကြခြင်း ဖြစ်သည်။ ယင်းပွဲသို့ တက်ရောက်လာကြသူများအား တေးဂီတ ဖျော်ဖြေရေး၊ ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပညာပေးအစီ အစဉ်များဖြင့် ကျင်းပခဲ့ပြီး ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် ပညာပေးစာစောင်လည်း အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
The