ကျောင်းပြင်ပ လူငယ်များတွင် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် သိရှိနားလည်မှုနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် စစ်တမ်း ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

 

အဆိုပါ စစ်တမ်းကို ကျန်းမာရေး ၀န်ကြီးဌာနက ၂၀၀၈ ခုနှစ်တွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မိတ္ထီလာနှင့် လာရှိုးမြို့တို့ရှိ ကျောင်းပြင်ပ လူငယ်များကြား အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် နှင့် ပတ်သက်၍ ဗဟုသုတ သဘောထားနှင့် လိုက်နာကျင့်သုံးမှု အလေ့အထတို့ကို သိရှိရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်တမ်း၌ ယောက်ျားလေး ၃၄၉၅ဦးနှင့် မိန်းကလေး ၃၄၅၉ဦး စုစုပေါင်း ၆၉၅၄ဦး ပါဝင်ခဲ့ပြီး ယင်းတို့၏ အသက်များမှာ ၁၅နှစ်မှ ၂၄နှစ်ကြားရှိသည်။

 

စစ်တမ်းတွင် ပါဝင်ခဲ့သူများ၏ ၉၉ရာခိုင်နှုန်းက အေအိုင်ဒီအက်စ် ရောဂါအကြောင်း ကြားဖူးကြောင်းနှင့် သို့ရာတွင် ၄၈ရာခိုင်နှုန်းသာ အိတ်ခ်ျအိုင်ဗွီ ပိုးမကူအောင် ကာကွယ်နိုင်မည့် နည်းလမ်းများကို မှန်မှန်ကန်ကန်သိကြောင်း သိရသည်။


ကျောင်းတွင်းပြင်ပ လူငယ်များတွင် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်သိရှိနားလည်မှု စစ်တမ်းပြုလုပ် (Weekly Eleven)